Saturday, November 22, 2008

ပုဂံ နှင့် အစောပိုင်းမြန်မာပြည်

ပုဂံဟာဆိုရင် လွန်ခဲ့သော ၁၁ ရာစုအလယ်ပိုင်းနဲ့ ၁၃ ရာစုကုန်ပိုင်းကြား နှစ်ပေါင်း ၂၅၀ အတွင်းမှာ ပထမမြန်မာ
နိုင်ငံတော်ရဲ့ မြို့တော်ကြီးဖြစ်ခဲ့ပါတယ်။အဲဒီအချိန်အတောအတွင်းတုန်းကဆိုရင် ပုဂံပြည်နဲ့ အနီးပတ်ဝန်းကျင်မှာ
စေတီပုထိုးများ၊ဘုရားကျောင်းများ၊သာသနာ့အဆောက်အဦးများ၊ဘုန်းကြီးကျောင်းများ စသည်ဖြင့် သာသနာဆိုင်
ရာ အဆောက်အဦးများစွာကို ဆောက်လုပ်ခဲ့ကြတယ်။၁၃ ရာစုအကုန်ပိုင်းလောက်မှာ တော်လှန်ပုန်ကန်မှုများ၊စီး
ပွားရေး အကျပ်အတည်းများ၊အိမ်နီးချင်းနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုများကြောင့် ပုဂံပြည်ကြီးဟာ ဆိတ်သုဉ်းခဲ့
ရပါတယ်။ထိုကဲ့သို့သော အကြောင်းအရင်းများကြောင့် ယနေ့ပုဂံပြည်ကြီးဟာ မဖျောက်ဖျက်အပ်သော၊လေးစား
ထိန်းသိမ်းအပ်သော၊လေ့လာစရာများမကုန်ခမ်း နိုင်သော နေရာတစ်နေရာ အဖြစ် တည်ရှိနေပါတယ်။

Monday, November 17, 2008

Golden Land

တချိန်တုန်းကတော့ မြန်မာပြည်ဆိုတာ ရွှေပြည်ကြီးလို့ ပြောရလောက်အောင် အလွန် စည်ပင်ဝပြောခဲ့ပါတယ်။