Saturday, November 22, 2008

ပုဂံ နှင့် အစောပိုင်းမြန်မာပြည်

ပုဂံဟာဆိုရင် လွန်ခဲ့သော ၁၁ ရာစုအလယ်ပိုင်းနဲ့ ၁၃ ရာစုကုန်ပိုင်းကြား နှစ်ပေါင်း ၂၅၀ အတွင်းမှာ ပထမမြန်မာ
နိုင်ငံတော်ရဲ့ မြို့တော်ကြီးဖြစ်ခဲ့ပါတယ်။အဲဒီအချိန်အတောအတွင်းတုန်းကဆိုရင် ပုဂံပြည်နဲ့ အနီးပတ်ဝန်းကျင်မှာ
စေတီပုထိုးများ၊ဘုရားကျောင်းများ၊သာသနာ့အဆောက်အဦးများ၊ဘုန်းကြီးကျောင်းများ စသည်ဖြင့် သာသနာဆိုင်
ရာ အဆောက်အဦးများစွာကို ဆောက်လုပ်ခဲ့ကြတယ်။၁၃ ရာစုအကုန်ပိုင်းလောက်မှာ တော်လှန်ပုန်ကန်မှုများ၊စီး
ပွားရေး အကျပ်အတည်းများ၊အိမ်နီးချင်းနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုများကြောင့် ပုဂံပြည်ကြီးဟာ ဆိတ်သုဉ်းခဲ့
ရပါတယ်။ထိုကဲ့သို့သော အကြောင်းအရင်းများကြောင့် ယနေ့ပုဂံပြည်ကြီးဟာ မဖျောက်ဖျက်အပ်သော၊လေးစား
ထိန်းသိမ်းအပ်သော၊လေ့လာစရာများမကုန်ခမ်း နိုင်သော နေရာတစ်နေရာ အဖြစ် တည်ရှိနေပါတယ်။

1 comment:

ညောင်ဦးဖီး said...

စိတ်ဝင်စားစရာ တစ်ခုလို့မြင်ပါတယ်။